Friday, December 21, 2012

ကမ ၻာမွာအျမန္ဆုံး မော်တော်ကား အဖြစ် Bugatti Veyron ပြိုင်ကားသစ် စံချိန်တင်



ကမ္ဘာ့အမြန်ဆုံး Bugatti Veyron ပြိုင်ကားသစ်တ​စီး​ © dailymail

ကမ္ဘာ့အမြန်ဆုံး မော်တော်ကား အဖြစ် Bugatti ၏ Veyron အမျိုးအစား ပြိုင်ကားသစ်က စံချိန် ချိုး လိုက်ကြောင်း သိရသည်။ အနက်နှင့် လိမ္မော်ရောင် ခြယ်သ ထားသည့် Veyron 16.4 စူပါကားသည်

မော်ကွန်းဝင် မြန်နှုန်း အဖြစ် တစ်နာရီ (၂၆၇.၄) မိုင်နှုန်း မောင်းနှင် ပြသွား ခဲ့ကြောင်း သိရသည်။

Bugatti၏ အင်ဂျင်နီယာအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဝုဖ်ဂန်းရှာရယ်ဘာက မိမိတို့သည် တစ်နာရီ (၂၆၄)မိုင် မြန်နှုန်းထိ မောင်းနှင် နိုင်ရန် မျှော်လင့် ခဲ့သော်လည်း လက်တွေ့တွင် ထို့ထက် ကောင်းသော စွမ်းဆောင်ရည်ကို ရရှိခဲ့သည့် အတွက် ကျေနပ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ မော်တော်ကား၏ အမြန်ဆုံး မောင်းနှင်နှုန်းကို ကမ္ဘာ့ ဂင်းနစ် မှတ်တမ်း အဖွဲ့ကလည်း တရားဝင် လက်ခံအသိအမှတ် ပြုပေးခဲ့သည်။ ယခင်က ကမ္ဘာ့အမြန်ဆုံး ကားအဖြစ် တစ်နာရီ (၂၅၆.၁) မိုင်နှုန်း မောင်းပြထားသည့် SSC Ultimate Aeroက (၂၀၀၇)ခုနှစ်တွင် စံချိန်တင်ထားခဲ့သည်။ Veyron ကားကို မောင်းနှင်ခဲ့သည့် ပီရာဟင်နရီ ရာဖာနယ်က ဂျာမနီနိုင်ငံ၊ အီဟာရာလက်ဆိန်းတွင် မောင်းနှငှ်ု ပြုလုပ်နေစဉ် လေကို ဆန့်ကျင် မောင်းနှင်သည့်အခါ တစ်နာရီ (၂၆​၅.​၉) မိုင်နှုန်းထိသာ မောင်းနိုင်သော်လည်း လေစုန်တွင်မူ ယခု စံချိန်အား ရရှိခဲ့ကြောင်း ပြောကြားသွားသည်။

ကလက်ခ်ျနှစ်ခု၊ ဂီယာ (၇) ချက် ပါဝင်သော မော်တော်ယာဉ်သည် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်မျိုး ရှိခဲ့သည် ဟုလည်း ရာဖာနယ်က ချီးကျူး သွားသည်။ Veyron​ မော်တော်ကားတွင် ကြီးမားသည့် တာဘိုချာဂျာ (၄)ခုနှင့် အထူးစီစဉ် ဖန်တီး ထားသည့် အအေးပေး စနစ်တို့ ထည့်သွင်း ထားသည်။ Bugatti​ သည် အလွန် တန်ဖိုးမြင့်မားသည့် Veyron မော်တော်ကား အစင်း (၂၆၀) နှင့် Grand Sport (၃၅) စင်းတို့ကို ရောင်းချ ထားပြီးဖြစ်သည်။
လျှပ်စစ်ဓာတ်အားမလိုသည့် ဖုန်းအားသွင်းနည်းလမ်းသစ် Nokia တီထွင်


စက်​ဘီး​တွင်​တပ်​ဆင်​ထား​သည့်​ ​ဒိုင်​န​မို © ​BBC

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီကြီး Nokia သည် လျှပ်စစ် မီးမရှိသည့် အချိန်တွင်ပင် ဖုန်းအား သွင်းနိုင်မည့် နည်းလမ်းသစ် တစ်မျိုးကို တီထွင် လိုက်သည်။

ဖင်လန် အခြေစိုက် ကုမ္ပဏီကြီးသည် စက်ဘီး တစ်မျိုးကို တီထွင်လိုက်ပြီး ယင်း စက်ဘီးကို တစ်နာရီလျှင် (၄) မိုင်ဝန်းကျင် အမြန်နှုန်း မျှဖြင့် ဒိုင်နမိုမှ လျှပ်စစ် ဓာတ်အား ထုတ်ယူကာ ဖုန်းအား သွင်းနိုင်ကြောင်း သိရသည်။ အနီးအနား သွားလာသည့် ကိစ္စများတွင် စက်ဘီးများကို ကမ္ဘာအနှံ့ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲ နေဆဲ ဖြစ်ကြောင်း၊ ယခု တီထွင်မှုသည် လျှပ်စစ်မီး အခက်အခဲရှိသော ဒေသများ အတွက် များစွာ အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း Nokia ၏ ဒုတိယ ဥက္ကဌ အဲလက်လမ်းဘိကဆိုသည်။

Nokia က ဖုန်းအားသွင်းမှုသည် စက်ဘီးနင်းမှု အမြန်နှုန်းအလိုက် ကွဲပြားမည်ဖြစ်ပြီး တစ်နာရီ (၆)မိုင်နှုန်းဖြင့် (၁၀)မိနစ်ကြာ အားသွင်းထားပါက စကားပြောချိန် (၂၈)မိနစ်နှင့် Standbyအချိန် (၃၇)နာရီအတွက် လုံလောက်သော ဓာတ်အားကို ရရှိစေမည်ဟု ပြောကြားထားသည်။ Nokiaက အခြားသော စက်ဘီးများတွင်ပါ တပ်ဆင်အသုံးပြုနိုင်မည့် ဓာတ်အားသွင်းကိရိယာ အငယ်စားလေးများကိုလည်း (၂၀၁၀)ခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတဝှမ်းသို့ ဖြန့်ချိရောင်းချသွားမည်ဟု ပြောကြားထားသည်။
@လူထုအသံ

သတင်းကောင်း

စိတ်ဖိစီးမှုတွေကို တိုင်းတာပေးမယ့်ကိရိယာ      
Friday, 02 April 2010


စိတ်ဖိစီးမှုတွေဟာ လူတိုင်းနီးပါးမှာ အနည်းနဲ့အများရှိကြပါတယ်။ စိတ်ဖိစီးမှုဖြစ်နေတာကို ပြောဆိုနေထိုင်ပုံနဲ့ ပြုမှုဆက်ဆံပုံတွေက သိနိုင်ပါတယ်။
စိတ်ဖိစီးမှုဟာ လူရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိအောင် နည်းမျိုးစုံနဲ့ကာကွယ်နိုင်ပါတယ်။ ယခုအခါမှာတော့ စိတ်ဖိစီးမှု ဘယ်လောက်ဖြစ်နေတယ်ဆိုတာကို တိုင်းတာဖို့အတွက် ETH Zarich ရဲ့ အီလက်ထရောနစ်ဓာတ်ခွဲစမ်းသပ်ခန်းက ကိရိယာတစ်ခု တီထွင်လိုက်ပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်အထိ စမ်းသပ်မှုမှန်ကန်ကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။ ဘယ်တော့ထုတ်မယ်ဆိုတာနဲ့ ဈေးနှုန်းဘယ်လောက်ဆိုတာကိုတော့ မသိရသေးပါဘူး။